ရပ်နားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။
Category Archives: My News
ှုI’ll Stop Posting for a period!!!
ကျွန်မတို့ မြန်မာပြည်ရဲ့ ကော်နက်ရှင် ခုတစ်လော လုံးဝကို မကောင်းဘူးရှင်။ သိတယ်မလား အသားမဲမဲနဲ့ လူကြီး ရောက်တဲ့နေ့ကတည်းက speed တွေလျှော့ချလိုက်တော ဘာမှကို လုပ်လို့ မရလောက်အောင်ကို ဆိုးတာ။ ကျွန်မ ပိုစ့်အသစ်တွေ ခဏ မတင်ပဲ ထားတော့မှာ ဒါကြောင့်တော့ လုံးလုံး မဟုတ်ပါဘူး။ တစ်စိတ်တစ်ပိုင်း အားဖြင့်တော့ ပါတာပေါ့လေ။ ကျွန်မ အလုပ်သစ်မှာ အလုပ်စစ၀င်ချင်းကို မီတင်နဲ့ တန်းတိုးပြီး တာဝန်တွေ တစ်လှေကြီး ပေးအပ်ခြင်း ခံရတော့ အလုပ်များတယ်လို့ ဆိုကြပါစို့နော်။ ပြီးတော့ ရုံးမှာ ကျွန်မအတွက် ကွန်ပျူတာ မရသေးဘူးရှင်။ အဲလိုပဲ အားတဲ့ ကွန်ပျူတာကို လိုက်သုံးနေရတာပေါ့။ အလုပ်တက်တာကလည်း ဒီနေ့နဲ့မှ 3 ရက်ပဲ ရှိသေးတာကို။
အလုပ်သစ် ၀န်ကျင်သစ်မှာ အထိုင်မကျ သေးတာကြောင့်ရယ်၊ လေ့လာစရာတွေကို ကြိုးစားလေ့လာ နေတာကြောင့်ရယ်၊ အလုပ်များတာကြောင့်ရယ်၊ ကော်နက်ရှင် မကောင်းတာကြောင့်ရယ် စသော အကြောင်းပြချက် များစွာတွေကြောင့် ခုတစ်လောမှာတော့ ပိုစ့်အသစ်တင်နိုင်မှာ မဟုတ်သလို၊ ဘလောဂ့်လောကမှာလည်း အရင်ကလို ကောင်းကောင်း အလေလိုက်နိုင်တော့မယ် မထင်ဘူးရှင့်။
အားလုံးနဲ့ အဆင်ပြေသွားတဲ့ တစ်နေ့ကျရင် ကျွန်မဘလောဂ့်ပြန်ရေးမှာပါရှင်။ ကျွန်မကို လွမ်းရင်တော့ စီဘောက်မှာ လာ လာ အော်ကြပေါ့။ ဟုတ်ပြီလား။ လာဖတ်သူများကိုတော့ အရမ်း အားနာပါတယ်ရှင်။