Category Archives: Tag

P for Pink Gold

Standard

Rules:
It’s harder than it looks! Copy to your own note, erase my answers, enter yours, and tag as many friends as you wish. Use the first letter of your name to answer each of the following questions. If the person before you had the same first initial, you must use different answers. You cannot use any word twice and you can’t use your name for the boy/girl name question.

1. What is your name: Pink Gold
2. A four Letter Word: Peak
3. A boy’s Name: Pitt
4. A girl’s Name: Pinky
5. An occupation: Professional Marketing
6. A colour : Purple
7. Something you’ll wear: Panty
8. A food: Prawn
9. Something found in the bathroom: Ponytail
10. A place: Paris
11. A reason for being late: Path Unclearness
12. Something you’d shout: Pa Lote Tote Gyi
13. A movie title: Pretty Woman
14. Something you drink: Pine Apple Juice
15. A musical group: Princess
16. An animal: Polar Bear
17. A street name: Pansodan
18. A type of car: Parado
19. The title of a song: Papercut- Linkin Park
20. A verb: Peep

Snapshot_20091008_3 copy

Advertisements

My "First Things"

Standard

ပြောလို့ ပြောတာ မဟုတ်ဘူး။ တစ်ကယ်က သေလောက်အောင် အလုပ်များနေတာ။ Miss People ပွဲ အတွက်လေ။ မနက်ဖြန်လည်း မန္တလေးကို သွားတော့မှာ ဆိုတော့ ပျားတုပ်ပြီး တိုင်ပတ်နေတယ်။ ဘိုဘို ကိုတောင် ပြောလိုက်သေးတယ် အောက်တိုဘာ 15 လောက်ထိ ငါမအားတော့ဘူး လို့။ ယောင်္ကျား မရလည်း နေပါစေတော့လို့။ ဒါပေမယ့် ဒီနေ့ပဲ ချက်ချင်း ရေးဖြစ်သွားတယ်။ Designer တစ်ယောက်ရဲ့ Design ကို စောင့်နေတုန်း အချိန်လေး နည်းနည်းပိုနေတာနဲ့ ဒါကို ရေးဖြစ်သွားတယ်။ ဘိုဘို ကျွန်မကို ပထမဦးဆုံး အကြိမ် tag လုပ်တဲ့ “ပထမဆုံးများ” ကို ရေးခွင့်ကြုံသွားတယ်။

ပထမဆုံး နေခဲ့တဲ့မြို့ — ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ (မာန်အောင်ကျွန်း ပေါ်မှာရှိတယ်)

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အ.လ.က ဟင်းစနဲ (မာန်အောင်ကျွန်းပေါ်မှာပဲ)

ပထမဆုံး အတန်း — ပထမတန်း (တစ်ကယ်က 88 တုန်းက လေးနှစ်လေ။ ကျောင်းပြန်ဖွင့်ရင် သူငယ်တန်း စတက်မယ်ဆိုပြီး အဖေက စာတွေ အကုန်သင်ထားတာ၊ ကျောင်းလည်း ဖွင့်ရော သူငယ်တန်းမှာ တစ်ယေက်တည်း ထူးပြီး ချွန်နေလို့တဲ့ ဆရာတွေက ရှုပ်တယ် ဒီကလေးဆိုပြီး ပထမတန်း တင်လိုက်တာ။ အဲဒါကြေင့် အသက် ငယ်ငယ်နဲ့ 10 တန်းကို 99 မှာ အောင်လာတာပေါ့။ တစ်ကယ်က 2000 မှာမှ အောင်ရမှာ)

ပထမဆုံး သူငယ်ချင်း – ထွန်းထွန်းဝင်းနိုင်တဲ့ ( ရွကပဲ.. ကျွန်မကို မွေးတဲ့ ရွာက.. ကျွန်မတို့ကတော့ သံခဲ လို့ခေါ်တယ်)

ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — အောင်အောင် ( တော်တော် ခင်ကြတယ်.. ခုတော့ ဘယ်ရောက်နေလဲ သိဘူး.. မာန်အောင်မှာပဲ ထင်တယ်၊ သူငယ်တန်းစတက်တော့ သူနဲ့အရင် စသိတာ၊ သူကပဲ ကျောင်းနေမပျော်တဲ့ ကျွန်မကို ပျော်အောင် လုပ်ပေးနိုင်ခဲ့တာ)

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — ကျောင်းစာအုပ်လား၊ တစ်ခြား စာအုပ်လား (ကျောင်းစာအုပ်ဆိုရင်တော့ သူငယ်တန်းစာအုပ်ပေါ့၊ တစ်ခြား အပြင်စာအုပ်ဆိုရင်တော့ မင်္ဂလာမောင်မယ် မဂ္ဂဇင်း .. ငယ်ငယ်တုန်းက လစဉ်ဖတ်တယ်)

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ — က၊ ခ၊ ဂ။ ကျောင်းမတက်ခင်ကတည်းက အိမ်ကလူကြီးတွေက ကြိုသင်ပေးနေတာလေ။

ပထမဆုံး အရိုက်ခံရခြင်း — မမှတ်မိတော့ဘူး၊ အကျင့်ကလည်း ပုတ်တဲ့အပြင်၊ ဆိုးလည်းဆိုးလို့ အဖေက ခဏ ခဏ ရိုက်တယ်

ပထမဆုံး ရတဲ့ဆု — ပထမဆု (ကြွားအုံးမယ်.. သူငယ်တန်းကနေ ကိုးတန်းထိ ပထမဆုပဲ ရတာ.. 10 တန်းရောက်တော့လည်း ကိုယ့်မြို့နယ်မှာ ပထမ ပါပဲ)

ပထမဆုံး သွားဖူးတဲ့ခရီး — မာန်အောင်ကနေ ရန်ကုန်ကိုလာတာ (2001 ခုနှစ်မှာပေါ့)

ပထမဆုံး စီးဖူးတဲ့ကား — ကျွန်မတို့ဆီမှာ လိုင်းဆွဲတဲ့ ဒိုင်နာကား (အမျိုးတွေရှိတဲ့ ရွာကို သွားလည်ရင်း စီးဖူးတာ)

ပထမဆုံး ဆိုတဲ့သီချင်း — ဘလက်အိုင် ဆူးဇင်၊ ဘလက်အိုင်ဆူးဇင်၊ ဟောင်းအာယူ၊ ဟောင်းအာယူရ်၊ ဗဲရီးဝဲလ် အိုင် သင့်ခယူ၊ ဗဲရီးဝဲလ် အိုင် သင့်ခယူ၊ ဟောင်းအာယူ၊ ဟောင်းအာယူ။

ပထမဆုံး ရေးတဲ့ကဗျာ — ကဗျာနာမည်က “ဆန္ဒ” တဲ့.. စာသားလေးက

“မင်းနဲ့အတူ

မခွဲမခွာ

ထာဝရ နေချင်တာ

ငါ့ဆန္ဒပါ”

“It’s my desire,

Parting from you never,

Living with you together”

အဲဒီ ကဗျာကို The Best English မဂ္ဂဇင်းမှာ ဖော်ပြခံရတယ်။ ကြွားတာ ဟဲဟဲ

ပထမဆုံး ရေးခဲ့သော ရည်းစားစာ — ရေးဖူး သေး ဘူး ရှင့်။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — မရှိပါဘူးဆိုနော်

ပထမဆုံး ချစ်သူ — သြော် ကဲ ပြော ပြီး ပါ ပြီ ကော၊ ရှိသေးပါဘူးဆို။

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — ကောင်းသန့် (သမီးလေး ဖတ်ဖို့)

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — အေးချမ်းမေရဲ့ တစ်စစီကျိုးပဲ့နေတယ်

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — နေ့တော့မသိတော့ဘူး။ ခုနှစ်တော့သိတယ်။ ၂၀၀၁ မှာတက္ကသိုလ် စတက်တာ။

ပထမဆုံး ရဖူးတဲ့လက်ဆောင် — မမှတ်မိတော့ဘူး

ပထမဆုံး အလုပ် — Blazon မှာ Purchaser လုပ်တာ

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — Second Year တုန်းက ကျောင်းပိတ်လို့ အိမ်ပြန်တဲ့ အချိန် (ရန်ကုန်ကနေ မာန်အောင်ကို သွားတာ အဝေးကြီးပဲ.. မှတ်မိသေးတယ် အဲတုန်းက တော်တော်ကြောက်နေတယ်. ကားပေါ်မှလည်း အသိတွေ မပါလို့)

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — အတော်ရိုးတဲ့ မယ်ပင့်ဂိုလ်းပါရှင်။ ဒါမျိုးတွေ လုပ်တတ်ဝူး

ပထမဆုံး တက်ဖူးသော ဆေးရုံ — နေမကောင်းတွေ ဟဲဗီးဖြစ်ပေမယ့် ဆေးရုံဘယ်တော့မှ မတက်ဘူး။ အသက် တစ်နှစ်လောက်တုန်းကတော့ ညဘက်ကြီး အပြင်းဖျားလို့ ရွာကနေ မြို့ပေါ်က ဆေးရုံကို ပြေးရဖူးတယ်လို့ အဖေကပြောတယ် (မာန်အောင် မြို့နယ် ဆေးရုံပေါ့)

ပထမဆုံး ဘလော့ပို့စ် The Value of Smile

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — မြန်မာတီးရှောပ့် ဖိုရမ်ကနေ ဘလောဂ့်ဂါတွေ အများကြီးနဲ့ ခင်လာတာ ဆိုတော့ ပထမဆုံးဆိုတာ ပြောဖို့ ခက်တယ်။ ပထမဆုံး အခင်ဆုံး ဘလောဂ့်မိတ်ဆွေဆိုရင်တော့ ကိုထိုက် ပေါ့

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — 10 တန်းပြီးလို့ Guide ပြန်လုပ်တဲ့ အချိန်

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — 2 တန်းတုန်းကထင်တယ်။ အတန်းထဲက တစ်ယောက်နဲ့ ရန်ဖြစ်တာ၊ စာမေးပွဲဖြေတုန်း ကျွန်မဆီက စာခိုးချလို့ ဆိုပြီးတော့

ပထမဆုံး အကြိမ် ထီပေါက်ခြင်း — (2) လုံးထီစပေါက်တာ.. ကိုယ့်ဟာကိုယ် ခံစား မိတဲ့ 63 ဆိုတာလေးကို မ၀ံ့မရဲ ထိုးလိုက်တုန်းက (50 ဖိုးပေါက်တာကွ ဘာမှတ်လဲ ဟွန်း ဟွန်း)

ပထမဆုံး ရင်ခုန်ဖူးခြင်း — မွေးကတည်းက ရင်ခုန်လာတာလေ.. ဟုတ်ဘူးလား

ပထမဆုံး တီးဖူးတဲ့ဂစ်တာ — မတီးတတ်ပါ (တူရိယာ ဆိုလို့ ၀ါးလက်ခုတ်ပဲ တီးတတ်တယ်)

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — နယ်စပ်တောင် မရောက်ဖူးဘူး။

ကျွန်မလည်း ထပ် tag မယ်။ လာထား.. ကိုသင်ကာကိုသီဟန်၊ ကိုထွန်းတောက်နေကိုကောင်းကင်ကိုခိုင်သဉ္ဖာ စည်သူ တို့ကို တက်ပါတယ်။ ရေးပေးကြပါ၊ ရေးပေးကြပါ။

I was Taged by Ko Thagyan

Standard
ကိုသင်္ကြန်က ကျွန်မကို “tag” လိုက်တော့… သူ့ရဲ့ လူသားဘ၀ ခံစားမှုကို ကျွန်မလည်း ကိုယ်တိုင်ခံစားဖို့ အကြောင်းဖန်လာတာပေါ့ရှင်။ ကျွန်မ ရေးတာ ကြာနေလို့ ထင်တယ်.. ကိုသင်္ကြန်ကတောင် လှမ်းမေးနေသေးတယ်.. မပြီးသေးဘူးလား ပင့်ကူရေတဲ့။ ဟုတ်ပါ့ရှင် ကျွန်မကလည်း ရေးလိုက် ပြန်ဖျက်လိုက် လုပ်နေတာကိုး။ သူကတောင် ဆက်မေးသေးတယ် ဘာတွေများ ရေးနေလို့တုန်းတဲ့။ သြော် ကိုသင်္ကြန်ရယ် မသေချင် Obama နဲ့ လက်ထပ်သွားချင်တဲ့ အကြောင်းလေး ရေးနေတာပါလို့ ဟဲဟဲ…. နည်းနည်း လျှော့ပါအုံး ပင့်ကူရယ် တွမ်ခရုစ် လောက်ဆို တော်ရောပေါ့တဲ့။ အို မင်းသားတွေ ကျွန်မ မကြိုက်ပါဘူးရှင်။ ခုယူလိုက် ခဏနေကွဲလိုက်နဲ့… တော်ကြာ ကျွန်မ သတင်းက မီဒီယာတွေထဲ ဟိုးဟိုးကျော်နေရင် ရှက်စရာ ကောင်းသားနော်.. 😀

အင်း ပေါတာလေး ခဏလျှော့ပြီး လူသားဘ၀ အကြောင်းလေးကို ဆက်ရေးလိုက်ပါအုံးမယ်။ လူရယ်လို့ ဖြစ်လာရင် စားတာ၊ သောက်တာ၊ နေတာ၊ ထိုင်တာ၊ အလုပ်လုပ်တာ၊ ပညာသင်တာနဲ့ပဲ ဘ၀ကြီးက ပြီးဆုံးရတော့မှာလားရှင်။ အချစ် ဆိုတာဘာလဲ ဆိုတာကို ဖွင့်ဆိုရ ခက်သလိုပါပဲ.. လူ့ဘ၀ ဆိုတာ ဘာလဲ ဆိုတာကို ပညာရှင်တွေက အမျိုးမျိုးဖွင့်ဆိုကြလိမ့်မယ် ထင်ပါတယ်။ နောက်တစ်ခုက လူ ရယ်လို့ ဖြစ်လာမှတော့ လူနဲ့တူတဲ့ အလုပ်တွေ၊ လူသားဆန်တဲ့ အပြုအမူတွေ၊ လူပီသတဲ့ နေထိုင်မှုတွေနဲ့ ဘ၀ကို ဖြတ်သန်းမှ တော်ကာကျမှာပေါ့။ အဲတော့ ဒါတွေဟာ ဘယ်လိုနေထိုင်မှုတွေလည်း၊ လူသားဆန်တယ်ဆိုတာ ဘာလဲ၊ လူပီသတယ်ဆိုတာ ဘာလဲ ဆိုတာတွေ မေးလာနိုင်ပါတယ်။ ကျွန်မ မဖြေလိုပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွေးနဲ့ သူများအတွေး မတူညီခဲ့လျင် အငြင်းပွားစရာလေးများ ဖြစ်လာမှာ စိုးလို့ပါ။

ကျွန်မရော မသေခင်လေးမှာ လူ တစ်ယောက်အနေနဲ့ ဘာတွေ လုပ်ချင်လဲ။ ကျွန်မ ဘာတွေလုပ်မှာလဲ ကိုယ့်ကိုကိုယ့် ပြန်မေးပြီး ကိုသင်္ကြန်လိုပဲ အဖြစ်ချင်ဆုံး၊ အလုပ်ချင်ဆုံး အချက်ကလေးတွေ ရေးပါ့မယ်။

နံပတ် (၁) က ကျွန်မနဲ့ personally ပတ်သက်ပါတယ်။ ကျွန်မ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုလေး တစ်ခုကို ဖန်တီးချင်ပါတယ်။ Obama တွေ ဘာတွေနဲ့ လက်မထပ်ရချင်လည်း နေပါစေလေ။ ကျွန်မ မိဘတွေက ကျွန်မကို ပြုစုပျိုးထောင်သလိုပဲ ကျွန်မရဲ့ မျိုးဆက်သစ်ကလေးတွေကို လောကကို အလှဆင်နိုင်တဲ့ လူသားကလေးတွေ ဖြစ်အောင် သွန်သင်ပေးချင်ပါတယ်။ ကျွန်မ မလုပ်နိုင်ခဲ့ သမျှကို လုပ်ဖို့ သူတို့ကို တာဝန်တွေ ပေးခဲ့ချင်တယ်။

နံပတ် (2) ကျွန်မ ပတ်ဝန်းကျင်နဲ့ လူ့လောက အတွက် တတ်နိုင်သလောက်လေး ကောင်းတာလေးတွေနဲ့ ဖြည့်ဆည်းပေးချင်ပါတယ်။ ကောင်းတာလေးတွေ ဆိုတဲ့အထဲမှာ မရှိဆင်းရဲတွေကို ထောက်ပံ့ပေးတာ၊ ထောက်ပံ့ပေးရုံတင်မက ကိုယ်တိုင် ဘ၀ တစ်ခုကို ထူထောင်နိုင်ဖို့ သင်ကြားပေးတာ၊ ငွေကြေးမတတ်နိုင်တဲ့ ကလေးတွေအတွက် ပညာရေးလိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာ၊ စိတ်ကို အတတ်နိုင်ဆုံး ရှင်းအောင်ထားဖို့ အားပေးတာတွေ၊ အိုမင်းမစွမ်းတွေအတွက် အချိန်တစ်ခုပေးပြီး စောင့်ရှောက်တာတွေ၊ ပရဟိတ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင် လုပ်ကိုင်ပေးတာ စတာတွေပါ ၀င်ပါတယ်။

နံပတ် (3) ကျွန်မအတွက် ကျွန်မတို့ နောက်မှာ လာမယ့် ကလေးတွေအတွက် နိုင်ငံတော် ကောင်းစားတာကို မြင်သွားချင်တယ်။ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီချင်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စာပေ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်က တိုးတက်ပြီး ပြည်သူပြည်သားတွေကို ရင်ဝယ်သားတွေလို အုပ်ချုပ်တဲ့ အစိုးရ ပေါ်ထွန်းတာကို တွေ့သွားချင်တယ်။

နံပတ် (4) သေသွားပြီးတဲ့ နောက်ဘ၀အတွက် အလုပ်ကလေးတွေ ဆက်လုပ်သွားမယ်။ တရား ဘာဝနာ ကိုတတ်နိုင်သလောက်လေး ပွားများပြီး ဘ၀ကူကောင်းအောင် လုပ်သွားချင်တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပီပီ၊ သံသရာကို ယုံကြည်တဲ့ သူတစ်ယောက်ပီပီ သံသရာရဲ့ ကောင်းရာ သူဂတိမှာ ကျင်လည်နိုင်စေဖို့ ကြိုးစားသွားချင်တယ်။

နံပတ် (5) ကျွန်မရဲ့ မိဘ နှစ်ပါးကို ကျေးဇူးဆပ်ချင်တယ်။ စိတ်ချမ်းသာအောင် ထားချင်တယ်။ အိုကံ ကောင်းစေချင်တယ်။ အိုကံ ကောင်းဖို့က သမီးလုပ်တဲ့ ကျွန်မအပေါ် အများကြီး မူတည်နေပါတယ်။ မိဘကို ပြည့်စုံအောင် ထားပေးချင်တယ်။ မိဘတွေ မသေခင်မှာ ကျွန်မကို သူတို့ စိတ်ချရလောက်တဲ့ အခြေအနေမှာ ရှိနေတာကို မြင်သွားစေချင်တယ်။

နံပတ် (6) အပေါ်က (5) ချက်စလုံးကို ကျွန်မ အတတ်နိုင်ဆုံး လုပ်ဖြစ်အောင် လုပ်သွားမယ်။

ကိုသင်္ကြန်ရေ ကျေနပ်တော့နော်။