2007 ခုနှစ်ကစပြီးတော့ Myanmar Blogger Society မှာ Executive Member တစ်ယောက်အဖြစ် Blog ၊ IT အစရှိတာတွေနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ၊ အလွတ်သဘော ဆွေးနွေးပွဲတွေကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။
2008 ခုနှစ်မှာတော့ ရင်ခုန်သံ သွေးလှူရှင်များအသင်းမှာ အဖွဲ့ဝင်ခဲ့ပြီး အသင်းကလုပ်တဲ့ သွေးလှူဒါန်းပွဲတွေမှာ ကူညီလုပ်ဆောင်ပေးနေပါတယ်။ ဟေမိုဂလိုဘင် မပြည့်မီမှုကြောင့် ကိုယ်တိုင် သွေးမလှူနိုင်ပေမယ့် သွေးလှူရှင်တွေနဲ့ သွေးလိုအပ်နေသူတွေကို ချိတ်ဆက်ပေးပါတယ်။
2009 ခုနှစ်မှာတော့ ကျွန်မ အလုပ်လုပ်နေတဲ့ Inforithm-Maze က လူငယ်တွေ နဲ့ အခြားစိတ်ဝင်စားတဲ့ အပြင်ကလူငယ်တွေစုပြီး Myanmar Orphans Support Network ဆိုတဲ့အသင်းလေးကို တည်ထောင်ခဲ့ပါတယ်။ မိဘမဲ့ကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စရပ်တွေကို MOSN က ကူညီဆောင်ရွက်ပေးပါတယ်။
2010 ခုနှစ် ဖေဖော်ဝါရီလမှာတော့ One Young World Global Youth Summit ကို မြန်မာကိုယ်စားလှယ် တစ်ယောက်အနေနဲ့ တက်ခဲ့ပါတယ်။ အဲဒီပွဲမှာ ကမ္ဘာပေါ်မှာ ရင်ဆိုင်နေရတဲ့ ပြသနာတွေထဲက အကြီးမားဆုံး ခြောက်ခုဖြစ်တဲ့ Environment and its Protection, Global Business and its role in Shaping Society, Interfaith Dialogue, Global Health, Media- its changing power and identity, Political Leadership အစရှိတာတွေကို Kofi Annan, Desmond Tu Tu, Mohammad Yunus နဲ့ အခြားသော ခေါင်းဆောင်များရဲ့ အကြံပေးမှုတွေနဲ့ 102 နိုင်ငံက လာရောက်ကြတဲ့ လူငယ်ပေါင်း 700 ကျော်နဲ့အတူ ဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီမှာပဲ One Young World Ambassador of Myanmar အဖြစ် ခန့်အပ်ခံရပြီး မြန်မာပြည်မှာ One Young World Resolution တွေကို လူသိများစေဖို့ နဲ့ One Young World ရဲ့ နောက်နှစ်တွေမှာ ကျင်းပမယ့် ပွဲတွေအတွက် မြန်မာပြည်က လူငယ်ကိုယ်စားလှယ်တွေများလာစေဖို့ကို တာဝန်ယူရပါတယ်။
2010 ခုနှစ် မတ်လမှာတော့ Myanmar Youths In Action ဆိုတဲ့ အဖွဲ့လေးကို သူငယ်ချင်းတွေနဲ့ အတူတည်ထောင်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အနာဂတ်ခေါင်းဆောင် မြန်မာလူငယ်တွေ ပေါ်ထွက်လာဖို့ကို တစ်ဖက်တစ်လမ်းက ကူညီပေးဖို့နဲ့ လူငယ်တွေနဲ့အတူတူ Community Development Work တွေကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
MYIA မှာ အသင်းဝင်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ Form ဖြည့်နိုင်ပါတယ်။
web hosting လုပ်ချင်တာနဲ.ပတ်သက်ပြီး ရှာရင်းက အမရဲ. ဂျီမေးလ်ကို အက်ထားမိပါတယ်
လေးစာလျက်
မင်းဟိန်း
ဒီအဖွဲ့လေးမှာ ကျွန်တော် လည်းပါဝင်ချင်လို့ပါ ၀င်ခွင့်ပြုပါ
ဟုတ်ကဲ့ ကြိုဆိုပါတယ်ရှင်