Good News for Every Bloggers and Online Writers

Standard

People_Nov09_Cover_REV2တစ်ခါတုန်းက ကျွန်မရေးခဲ့ဖူးတဲ့ လက်ကိုင်နည်းဆယ်ချက် ဆိုတဲ့ဆောင်းပါးလေးကို နိုဝင်ဘာလထုတ် People Magazine မှာ မြင်တွေ့ခွင့် ရလာပါပြီ။ ကျွန်မရဲ့ ဆောင်းပါးကို ဖော်ပြပေးကြသော People Magazine မှ အယ်ဒီတာများကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောပါရစေရှင်။

မြန်မာ People Magazine ကနေ What’s hot online? ဆိုတဲ့ ကဏ္ဍလေးကို ဖွင့်လှစ်ပေးခဲ့တာ အတော်လေးတော့ ကြာခဲ့ပါပြီရှင်။ ကျွန်မသတိထားမိသလောက် အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဆောင်းပါးလေးတွေ၊ မှတ်သားစရာလေးတွေကို Print Media ကို ဖတ်တဲ့ပရိတ်သတ်တွေကို ပြန်လည်ဝေငှပေးတဲ့ သဘောပါ။ အရင်တုန်းကတော့ အီမေလ်းတွေကနေ အဆင့်ဆင့် Forward လုပ်တဲ့ ဆောင်းပါးတွေဟာ People ရဲ့ စာမျက်နှာထက်ကို ရောက်ရောက်လာတတ်ကြပါတယ်။ သက်ဆိုင်ရာ အယ်ဒီတာတွေကလည်း သင့်တော်ကောင်းမွန်တဲ့ စာလေးတွေကို ရွေးချယ်ဖော်ပြပြီး စာရေးသူကိုသိရင် အမည်ဖော်ပြပေးကြသလို ၊ source လိုက်လို့ မရခဲ့ဘူးဆိုရင်လည်း အင်တာနက်မှ အမည်မသိကလောင်ရှင်များကို ဂုဏ်ပြုတင်ဆက်ပါသည် ဆိုပြီးဖော်ပြခဲ့ပါတယ်။ မနိုင်းနိုင်းစနေမရွှေပြည်သူ ၊ မအိမ့်ချမ်းမြေ့ကိုပီကေ အစရှိတဲ့ ဘလောဂ့်ဂါတွေရဲ့ စာတော်တော်များများကိုလည်း တင်ဆက်ဖော်ပြခဲ့ပါတယ်။ Print Media တစ်စောင် အနေနဲ့ အွန်လိုင်းပေါ်ကစာတွေကို ကူးယူဖော်ပြတဲ့အတွက် ဝေဖန်မှုဒဏ်တော်တော်များများကိုလည်း People Magazine အနေနဲ့ ခံခဲ့ရဖူးပါတယ်။ ဒါကြောင့်လည်း အယ်ဒီတာတွေအနေနဲ့ စာတစ်ပုဒ်ကိုကြိုက်ရင် အင်တာနက်ထဲမှာ စာရေးသူကို မရ ရအောင်ရှာပြီး credit ပေးသလို ၊ လုံးဝ ရှာလို့ မရခဲ့ရင်လည်း အင်တာနက်မှ ကူးယူဖော်ပြသည်ဆိုတာလေးကို အမြဲထည့်ပေးပါတယ်။ People ရဲ့ ကိုယ်ပိုင်စာအဖြစ်နဲ့တော့ ဘယ်တုန်းကမှ မဖော်ပြခဲ့ဖူးတာကိုတော့ ကျွန်မကိုယ်တိုင် သတိထားမိနေပါတယ်။

အွန်လိုင်းမှာ စာရေးနေကြတဲ့ ၀ါသနာရှင်တွေကလည်း မိမိတို့ရဲ့ စာမူတွေကို ဒီကဏ္ဍလေးသို့ ပေးပို့နိုင်ကြပါတယ်။ people.online@inforithm-maze.com ကို အီးမေလ်းပို့ပြီး မိမိတို့ရေးသားထားတဲ့ စာတွေကို ပို့နိုင်ကြပါတယ်ဆိုတဲ့အကြောင်း ဘလောဂ့်ဂါအပေါင်းနဲ့ တစ်ခြား အွန်လိုင်းပေါ်မှ စာရေးသူများကို သတင်းကောင်းလေး ပါးလိုက်ရပါတယ်ရှင်။ ကိုယ့်ရဲ့ စာမူတွေကို စာမျက်နှာထက်မှာ မြင်တွေ့ခွင့်ရမယ့် အခွင့်အရေးဖြစ်လို့ မသိလိုက်ရ မဖြစ်လေအောင် ပိုစ့်ရေးပြီး တင်လိုက်ရကြောင်းပါရှင်။

10 responses »

  1. Credit ပဲပေးမှာလား။ စာမူခရောပေးဖို့ စိတ်ကူးမရှိဘူးလား…

  2. အဲ့သဟာကတော့ အယ်ဒီတာတွေကို မေးကြည့်လိုက်ပါ အကိုရယ်…. 😀 သမီးလည်း မသိပါဘူးရှင်။

  3. အိမ်း အမည်ဖော်ပြပြီဆိုရင်ကိုပဲ စာရေးဆရာရဲ့ ပီတိက ငွေထက် အများကြီး သာတဲ့ အရာကို ရပြီးသားပါ။ သိထားရတဲ့အတွက် ကောင်းပါတယ်။

  4. ပင့်ဂိုးကို သွားမမေးနဲ့ ။ သူက ဖော်ပြခံရတာတောင် တော်တော်ပျော်နေတာ။ ကိုယ့်စာကို တန်ဖိုးမထားတဲ့လူတွေက ပိုက်ဆံတောင်းရကောင်းမှန်းမသိကြဘူး။ ဖော်ပြတဲ့အဆင့်လောက်နဲ့ ကျေနပ်နေတာ.။

  5. ဒီတစ်ခေါက်မှာ frommbloggers အဖွဲ့က ဆရာကြီးတို့ ဆော်ဖို့မျက်စိ ကျနေတာ ပင့်ဂိုးလ် ထင်ပါ့ရဲ့.. ဟား ဟား ဟား

  6. အဲဒီ အယ်ဒီတာတွေ စာရေးတဲ့သူကို ခွင့်တောင်းပြီး ခွင့်ပြုချက်ရပြီးမှ စာအုပ်မှာထည့်စေချင်ပါတယ်။

    မဟုတ်ရင် ငါတို့ထည့်မှ သူတို့မှာ စာအုပ်ပေါ်မှာ ပါခွင့်ရတာ တွေ့တာကိုကူးလိုက်ပြီး credit လေးပေးလိုက်ရင်ရပါတယ် ဆိုတဲ့ အတွေးတွေရှိနေမှာပါ။

    ကျေးဇူး…

  7. လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်။ ပင့်က်ဂိုးလ် ဆိုပြီး နာမညကြီးလို့ ကြားနေတာ ကြာပြီ။
    အင်း.. အခုမှပဲေ၇ာက်တော့တယ်။ ဒီ့ထက် အောင်မြင်ပါစေ။

  8. မေးလ် လိပ်စာ ဘာဖြစ်လဲ မသိဘူး။ မေးလ် ပို့လို့ မရဘူးအစ်မ။

Leave a reply to cuttiepinkgold Cancel reply