Characteristics of Sharp Women

Standard

Wow!! ဒီနေ့တော့ စောစောစီးစီးပဲ WordPress ကို ၀င်လို့ရသွားပြီရှင့်။ Endless Error ဆိုတဲ့ ပိုစ့်ကိုတောင် ခေါင်းစဉ်ပြောင်းရမလို ဖြစ်နေပြီ။ ၀င်လို့ရတုန်းလေး ပင့်ဂိုလ်းက၀ိ ပညာရှိ ရေးသားထားတဲ့ ထက်မြက်သော မိန်းမ၏ ကြန်အင်လက္ခဏာများကို ခပ်မြန်မြန်လေးပဲ တင်လိုက်ရပါတယ်ရှင့်။ ကိုယ်တိုင်တွေး၍ ကိုယ်တိုင်ရေးတာ ဖြစ်လို့ လွပ်လွပ်လပ်လပ် သဘောထားများ ကွဲနိုင်ပါသည်။ ဖြည့်သင့် ပြင်သင့် ဖယ်သင့်သည်များကို comment တွင် ရေးချန်ထားခဲ့ကြပါ။ နောက်ပိုင်းမှာ တရားဝင် ထုတ်ပြန်လို့ရအောင်.. အဟီး

1. ထက်မြက်သော မိန်းမဟူသည် ကိုယ်လျှောက်ရမည့် လမ်းကို ကိုယ်သိပြီး တစ်ဖက်စွန်းမရောက်ပဲ ဘ၀တွင် အရေးပါသည့်အရာ မှန်သမျှကို မျှအောင် ချိန်တတ်သောသူဖြစ်သည်။

2. ပညာရေး၊ အချစ်ရေးနှင့် လူမှုစီးပွားရေးများကို သမအောင် ရောမွှေတတ်ပြီး ချမ်းသာသုခကိုလည်း ဖန်တီးနိုင်သူ ဖြစ်သည်။

3. ကျောင်းများ အလုပ်ခွင်များတွင် တော်ပြီး ထက်မြက်သလို ကြင်ယာအတွက်လည်း နားလည်ပေးဆပ်နိုင်သူ ဖြစ်သည်။

4. ဆုံးရှုံးမှု တစ်ခုအတွက် ၀မ်းနည်း မနေတတ်သလို၊ တစ်ခုတည်းသော အောင်မြင်မှုနောက်ကိုလည်း တစ်ကောက်ကောက် မလိုက်တတ်ပေ။

5. အချစ်၏အရေးပါမှုကို သိရှိနားလည်ပြီး ဘ၀အောင်မြင်မှုများအတွက်လည်း ချစ်ခြင်းနှင့်အတူ တိုက်ပွဲဝင်တတ်သူ ဖြစ်သည်။

6. Flexible ဟူသော သဘောတရားကို နားလည်ပြီး သူ့ဘက် ကိုယ့်ဘက်မျှတအောင် နေထိုင်ကာ ကိုယ်ရှင်သန်ရာ ပတ်ဝန်းကျင်တွင်လည်း စံနမူနာ ယူထိုက်သူအဖြစ် နေထိုင်နိုင်သူ ဖြစ်ရမည်။

7. ပညာတတ်သော မိန်းမတိုင်းသည် ထက်မြက်သော မိန်းမ မဟုတ်သလို၊ ထက်မြက်သော မိန်းမတိုင်းသည်လည်း ဘွဲ့ပေါင်းများစွာကို ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်နိုင်ပေလိမ့်မယ်။

8. ခေတ်မီ၍ အတွေးအခေါ်များ ရှင်သန်ထက်မြက်ခြင်းသည် ဘွဲ့ပေါင်းများစွာကြောင့် မဟုတ်ပဲ စာများများဖတ်၍။ ဗဟုသုတ ရှာမှီးခြင်းမှ ရလာသော အရာများလည်း ဖြစ်နိုင်သည်။

9. ကိုယ့်ခြေထောက်ပေါ်တွင်လည်း အတ္တမများပဲ ကိုယ်တိုင်ရပ်တည်နိုင်ရမည်ဖြစ်သည်။

10. အဆုံးတွင်ကား ထက်မြက်သော မိန်းမဟူသည် လုပ်ငန်းခွင်တွင် အောင်မြင်ပြီး အိမ်ထောင်ရေးတွင် ပျော်ရွှင်သော သူများဖြစ်သည်ဟု တွံ သင်တို့သည် ဂဏှာဟိ မှတ်လော့။

13 responses »

  1. Wow!!တွေရော၊တွံ သင်တို့သည် ဂဏှာဟိ မှတ်လော့ တွေရောဆိုတော့
    နဲနဲလန့်လာလို့ ဘာမှန့်ရမှန်းတောင်မသိတော့ဘူး၊လူအရှိန် လွန်သွားတာပေါ့ကွယ်

  2. ထက်မြက်သူ ဆိုသည်မှာ မြက်ရိတ်လျှင် ရွှပ်ကနဲ ရွှပ်ကနဲ ပြတ်အောင် ဖြတ်နိုင်ရမည်။ 😛

  3. ဖတ်ရတာတော့ အတော်အားရစရာကောင်းပါတယ်.. အဲဒီလိုမိန်းမမျိုးတွေဟာ ကျောက်စာနှင့် ထွင်းထုလောက်အောင် မှတ်သားထိုက်ပါပေတယ်.. သို့ပါသော်လည်း.. မိန်းမတို့၏ ပင်ကိုယ်ဗီဇတွေက ထက်မြက်ရင် အတ္တကြီးပြီး.. သဘာဝကို ဇောက်ထိုး မြင်တတ်ကြတာများတယ်ဗျာ… ဥပမာ ဖွားစော တို့လိုပေါ့ သမိုင်းတွင်အောင် ထက်မြက်ပေမယ့်.. သူ့ရဲ့ဗီဇဖြစ်တဲ့ သွေးက ပြောင်းလဲလို့မရတာတွေ့တယ်.. သူ့ရေးခဲ့တဲ့ကျောက်စာမှာ.. ဗီဇသဘောတို့ကို ဖော်ပြနေသလိုမျိုး ဖတ်ခဲ့ဘူးတယ်ဗျ… ပိုစ်ရေးသားမှူကောင်းပါတယ်. ကျနော် သုံးသပ်ကြည့်တာ ပိုစ်ကိုမဟုတ်ပါဘူး… သဘာဝထဲက ကျနော်တွေးမိသမျှ မိန်းမတို့ရဲ့ အကြောင်းတရားကိုပါ..

  4. ပို့စ်လေးကောင်းပါတယ် ပင့်ဂိုးလ်–
    သိပ်ချစ်တဲ့ချစ်သူက ထက်မြက်လွန်းတဲ့ မိန်းကလေး—-
    ဆိုပြီး စွန့်ပစ်သွားတာ လည်း မြင်ဘူးပါတယ်—-

  5. ထက်မြက်တဲ့ မိန်းမတွေဟာ မနကြီး အတ္တကြီးကြပြီး တစ်ဖက်သတ်ဆန်လွန်းကြတာတော့ မှန်တယ်။ မမသက်ဇင် ပြောသလို ချစ်သူက ထားခဲ့တာမျိုးလည်း တွေ့ဘူးတယ်။ ထက်မြက်လို့ အနားမကပ်ရဲတဲ့ ယောင်္ကျားမျိုးလည်း ကြုံဖူးတယ်။ ဒါပေမယ့် ဒီပိုစ့်လေးကို ရေးသားရတာက တစ်ဖက်မှာ ထက်မြက်နေပေမယ့် တစ်ဖက်မှာ ချို့ယွင်းနေရင် ပျော်ရွှင်မှုကို အပြည့်အ၀ မရဘူးဆိုတာ သိစေချင်လို့ပါ။ အရာရာကို သမအောင် မျှတတတ်ဖို့ လိုတယ်။ ကိုယ်လည်း အဲ့လိုပဲ ဖြစ်ချင်တယ်။ ပင့်ဂိုလ်းတို့ကတော့ ဘာကောင်မှ မဟုတ်ပါဘူး. ဒါပေမယ့် ထက်မြက်တွေ မိန်းကလေးတွေများ ဒီစာလေး လာဖတ်ကြမလား လို့ပါ..

  6. မမရေ…
    ကောင်မလေးတွေကို
    ရောလို့..သမလို့..မွှေလို့ တတ်အောင်
    “မွှေလို့ မ၀သေးတဲ့” ကိုသားစိုး ဆီမှာ
    ကျူရှင် ယူခိုင်းလိုက်မယ်နော်။

  7. တော်ကြာ သားစိုးဆီက မသင်ပဲနဲ့ သားစိုးပါ ရောပြီး အမွှေခံလိုက်ရမှ ဟုတ်ပေ့ဖြစ်နေအုံးမယ်

  8. အဲလို အမျိုးသမီးမျိုး တစ်ယောက်ပဲ တွေ့ဖူးသေးတယ်။

    ဒေါက်တာ စန်တီတာ တဲ့။

    ကံဆိုးချင်သော အဲဒီ ပါမောက္ခ လင်မယားက ကလေး မရဘူး။

  9. နံပါတ် ၈ ကို နည်းနည်း ဖြည့်ချင်လို့… ခေတ်မီပြီး အတွေးအခေါ်တွေ ရှင်သန် ထက်မြက် နေတာက စာဖတ်လို့ တင် မကဘဲ ပတ်ဝန်းကျင်ကို သေသေချာချာ စေ့ငုပြီး လေ့လာအား ကောင်းတာရယ် ၊ အစဉ်အလာ ဓလေ့ ထုံးစံ ဖြစ်ရိုးဖြစ်စဉ် တွေထဲကနေ ဖောက်ထွက် တွေးခေါ် စဉ်းစားတတ်လို့ ရယ်ကြောင့်လဲ ဖြစ်နိုင်ပါတယ်

  10. ထက်မြက်သော ယောက်ျားဟူသည်ကား မိန်းမရှေ့၌ မခုတ်တတ်သော ကြောင်သူတော်ကဲ့သို့ ပြုမူ၍ ကာရာအိုကေနှင့် ဘီယာဆိုင်များ၌ ပျော်သောသူများဖြစ်ကြောင်း “ဂလုဂလု” နားနှင့်မနာ၊ ဖ၀ါးနှင့်နာ၍ သင့်ခေါင်း၌ သံမှိုနှက်သကဲ့သို့ စွဲမြဲစွာ မှတ်လော့။

Leave a reply to cuttiepinkgold Cancel reply